စစ်ကောင်စီ၏ အဓိကထောက်တိုင်ဌာနများ – အဘ

သူပုန်‌‌‌ဂေဇက် အတွဲ ၁၊ အမှတ် ၂

အာဏာလုစစ်ကောင်စီက နိုင်ငံတော်အာဏာအရပ်ရပ်ကို မတရားသဖြင့် ထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာ နိုင်ငံ့အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်း၊ဌာနတွေကိုလည်း အမိန့်၊ညွှန်ကြားချက်အမျိုးမျိုးနဲ့ အုပ်ချုပ်ထိန်းသိမ်းလိုက်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့အခါမှာ CDMဝန်ထမ်းတွေကြောင့် လုပ်ငန်းဆောင်တာ အနည်းငယ်အနှောင့်အယှက် အဟန့်အတားဖြစ်တာကလွဲလို့ (၇)လကြာတဲ့ အထိ အစိုးရယန္တရားဟာဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။Non-CDMဝန်ထမ်းတွေ၊ဆက်လက်ခန့်ဖို့လျာထားဆောင်ရွက်နေတဲ့လောက်‌ကောင်ဝန်ထမ်းအသစ်တွေနဲ့ စစ်ကောင်စီက ဆက်လက်လည်ပတ်ဖို့ကြိုးစားဦးမှာပါ။ စစ်ကောင်စီကိုအထောက်အပံ့ပြုနေတဲ့အရပ်ဘက်ဌာန၊ အဖွဲ့အစည်းတွေ ထဲကမှ အရေးပါဆုံးဌာနအချို့ကိုဒီဆောင်းပါးမှာ အနည်းငယ် တင်ပြလိုပါတယ်။

(၁)အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ထွေအုပ်လို့အတိုကောက်ခေါ်ကြတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ရေးမှာအဓိကအကျဆုံးဌာနဖြစ်ပါတယ်။ အရပ်ဘက်အုပ်ချုပ်ရေးဌာနတစ်ခုဖြစ်တဲ့အထွေထွေအုပ်ချုပ်ရေး
ဦစီးဌာနကို ရုံးချုပ်(နေပြည်တော်)၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အဆင့်အထိလွှမ်းခြုံဖွဲ့စည်းထားတာဖြစ်ပြီး၊ ရုံးချုပ်ကလွဲလို့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအားလုံးဟာ စစ်ကောင်ဆီကိုအဓိကထောက်ပံ့ရ ပါတယ်။ တိုင်းအဆင့်မှာထွေအုပ်တွေဟာ တိုင်းစစ်ကောင်စီခန့်ဝန်ကြီးချုပ် တွေရဲ့ ကိစ္စအဝဝကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးရပါတယ်။
တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်နယ်ဝန်ကြီးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အဓိကလုပ်ဆောင်ပေးသူတွေဖြစ်ပါတယ်။ ထွေအုပ်ရဲ့ တိုင်း၊ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူုးတွေ အဖြစ် ဆောင်ရွက်ကြပြီးအများစုက တပ်အသွင်ပြောင်း ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေဖြစ်ကြကာ သဘောထားတင်းမာသူများဖြစ်ကြပါတယ်။
ခရိုင်အဆင့်မှာတော့ထွေအုပ်ညွှန်မှူးတွေက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို တာဝန်ယူဆောင်ရွက်ကြပြီး တိုင်းနဲ့ မြို့နယ်အကြားချိတ်ဆက်ပေးတဲ့လုပ်ငန်းစဉ်ကိုသာ ဆောင်ရွက်ကြပါတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး (၈၀)ရာခိုင်နှုန်းကလည်း တပ်ပြောင်းဗိုလ်ကြီး၊ဗိုလ်မှူး တွေဖြစ်ကြပါတယ်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ ကျနော်တို့နဲ့အနီးဆုံးမှာရှိတဲ့ စစ်ကောင်စီရဲ့အကြီးမားဆုံးခွေးသွားစိတ်ဖြစ်ပါတယ်။ မြို့နယ်ထွေအုပ်က လက်ထောက်ညွှန်ကြားရေးမှူး/မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင် အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ်နီးစပ်ရာတပ်ရင်းက ဗိုလ်မှုးတစ်ယောက်ကိုထည့်သွင်းထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတော့နယ်ပယ်စုံပါတယ်။
တပ်ပြောင်းတွေ လည်းပါသလို ထွေအုပ်စစ်စစ်လို့ခေါ်ကြတဲ့ အရာရှိတွေ၊ ငယ်ရွယ်တဲ့ အရာရှိပေါက်စတွေလည်းပါဝင်ကြပါတယ်။ ဒီမြို့နယ်အုပ်ချုပ်ရေးမှူးတွေကပဲ (၁၄၄)ထုတ်တာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ခန့်အပ်တာ၊ ရပ်ကျေးစာရေးတွေကိုကွပ်ကဲတာ၊ဧည့်စာရင်းစစ်တာ ဌာနဆိုင်ရာအချင်းချင်းကြီးကြပ်ကွပ်ကဲတာအစရှိတဲ့ စစ်ကောင်စီအလိုကျလုပ်ငန်းစဉ်အားလုံးကိုဦးဆောင်ဆောင်ရွက် ပေးကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့်မြို့နယ်တိုင်းမှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေဟာ စစ်ကောင်စီယန္တရားကို အဓိကလည်ပတ်စေတဲ့ အရေးကြီးဆုံးဌာနကြီးတစ်ခုဖြစ်ပါတယ်။
အလားတူခရိုင်နဲ့တိုင်းအဆင့်ရုံးတွေဟာလည်း အဲ့ဒီမြို့နယ်တွေလုပ်ငန်း လည်ပတ်ဖို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေပေါက်ဖွားစီးဆင်းရာနေရာတွေ ဖြစ်ပါတယ်။

(၂) စည်ပင်သာယာရေးအဖွဲ့
တစ်ဖက်ကကြည့်ရင် မြူနီစီပါယ်ကိစ္စတွေကြောင့် စည်ပင်ဌာနဟာဒီကာလမှာ အလုပ်လုပ်နေရမယ်လို့တွေးကောင်းတွေးနေနိုင်ပါတယ်။ မြို့နယ်စည်ပင်တွေဟာ စစ်တပ်ကိုအခွန်တော်ဆက်သရမှာ အကြီးမားဆုံးသော ထောက်တိုင်ကြီးဖြစ်ပါတယ်။ စည်ပင်နဲ့ပတ်သက်လို့(၂)ပိုင်းရှိပါတယ် သာမန်နယ်မြို့တွေရဲ့စည်ပင်ဌာနနဲ့ မြို့ကြီး(၃)မြို့ကစည်ပင်တွေပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ မြို့တော်စည်ပင်သာယာရေးကော်မတီတွေရှိပြီး မြို့တော်ဝန်တွေခန့်အပ်ထားပါတယ်။ မြို့တော်ဝန်တွေဟာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ကောင်စီရဲ့ စည်ပင်ဝန်ကြီးတွေလည်းဖြစ်ကြပါတယ်။ စည်ပင်သာယာဌာနမှာဗဟိုအဖွဲ့အစည်းမရှိပါဘူး၊တိုင်းပြည်နယ်တွေပဲရှိပါတယ်။ ရသမျှဝင်ငွေ၊ အခွန်တွေဟာတိုင်းပြည်နယ်အစိုးရတွေဆီကိုဝင်ငွေပြပါတယ်။ အခုကာလဆိုရင်တော့ ဒီငွေတွေကို တိုင်းအစိုးရတွေကတဆင့် စစ်တပ်ကထိန်းချုပ်မှာပါ။ မြို့ကြီးတွေမှာဆို မြေယာဌာန၊ ဈေးနှင့်သားသတ်ဌာနတွေက အခွန်အများဆုံး၊ဝန်ဆောင်ခအများဆုံး ရလေ့ရှိသလိုမြို့ငယ်တွေမှာလည်း‌ ဈေးခွန်တွေ၊ အခြားအခွန်အခတွေကို စည်ပင်ကနေ ရှာဖွေပေးနိုင်ပါတယ်။ ဒါက စစ်ကောင်စီယန္တရားကိုကောင်းကောင်းကြီးလည်ပတ်ဖို့ ထောက်ပံ့ပေးနေတဲ့ဌာနတစ်ခုပါ၊

(၃)ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)
ဒီဌာနကတော့ပြည်သူအများသိပြီးဌာနဖြစ်လို့ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ရသမျှဝင်ငွေအားလုံးက ကိုယ့်ကိုသတ်မယ့် ကျည်ဆန်တွေ၊ ဗုံးတွေဖြစ်သွားမယ့်ဌာနပါပဲ။

(၄) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဒီဌာနကတော့လူတွေအမြင်မှာ စာကြည့်တိုက်ပဲမြင်မိမယ့်ဌာနပါ။
ဌာနရဲ့ အရာရှိ၊တာဝန်ခံအများစုကလည်း တစ်ချိန်တစ်ခါက စကားဝိုင်းဆွေးနွေးပွဲတွေမှာပြည်သူတွေမျက်မှန်းတန်းမိသူတွေ ဖြစ်နေနိုင်ပါတယ်။ ဘာဝင်ငွေမှအစိုးရကိုရှာပေးတဲ့ဌာနမဟုတ်ပေမယ့် အဓိက ထောက်တိုင်ဖြစ်မှန်းမသိဖြစ်နေတဲ့ဌာနဖြစ်ပါတယ်။ နယ်တွေမှာ များသောအားဖြင့် မြန်မာ့အလင်းတို့လို ကြေးမုံတို့လိုအစိုးရပိုင်သတင်းစာတွေအတွက် သတင်းထောက်သီးခြားခန့်ထားတာမျိုးမရှိပါဘူး။ မြန်မာ့အသံအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ စစ်ကောင်စီရဲ့ဝါဒဖြန့် လန်ကြုတ်ရုပ်သံတင်းတွေကို မြို့နယ်/ ခရိုင်အလိုက်ပြန်ဆက်ဦးစီးမှူုးတွေက သတင်းအနေနဲ့ပို့ပေးရပါတယ်။ အဲ့ဒီသတင်းတွေကိုပြန်လည်အသုံးပြုရတာဖြစ်တဲ့အတွက် မြို့နယ်ပြန်ဆက်ရုံးတွေဟာလည်း စစ်ကောင်စီဝါဒဖြန့်ချိရေးအပိုင်းကနေ ကြီးမားတဲ့ထောက်တိုင်ဌာနတစ်ခုဖြစ်မှန်း မသိဖြစ်နေပါတယ်။

(၅) ဘဏ်များ
အစိုးရပိုင် ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တွေကလည်း အဓိက ထောက်တိုင်ကြီးတွေပါပဲ။ မြင်သာတဲ့ကိစ္စဖြစ်လို့ သီးခြားပြောဖို့မလိုတော့ပါဘူး၊

(၆) ဥပဒေရုံး၊ တရားရုံးများ
ဒီတစ်ပတ်အတွက်နောက်ဆုံးပြောပြချင်တဲ့ထောက်တိုင်ဌာနတွေကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကမဟုတ်ပေမယ့် အခြားသောမဏ္ဍိုင်တွေကနေ စစ်ကောင်စီကိုကျေးဇူးပြုတော်မူကြတဲ့ဌာနတွေဖြစ်ပါတယ်။
မြို့နယ်ဥပဒေ အရာရှိတွေဟာ နိုင်ငံရေးပြစ်မှုတွေကို ဘယ်ပုဒ်မနဲ့ဘယ်လိုဆွဲသင့်တယ်ဆိုတဲ့ အကြံဉာဏ်ကို သက်ဆိုင်ရာထွေအုပ်ကိုဖြစ်စေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုဖြစ်စေပေးရသလို၊ အမှုတွေမှာလည်းတရားလိုဖြစ်တဲ့ မတရားစစ်ကောင်စီလက်အောက်ခံဌာန တွေဘက်ကနေ တရားလိုရှေနေ့အဖြစ်လိုက်ပါဆောင်ရွက်ပေးကြရပါတယ်။
ဒါ့ကြောင့်စစ်ကောင်စီနဲ့လက်တွဲကြတဲ့ ဥပဒေအရာရှိရုံးတွေဟာလည်း အဓိကထောက်တိုင်ဌာနရုံးတွေဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့မတရားသူကြီးတွေပါ။
တရားမျှတမှုကို လစ်လျူရှု ထားတဲ့စစ်ကောင်စီလက်အောက်ခံ မြို့နယ်၊ခရိုင်၊တိုင်း အဆင့်ဆင့်သော တရားရုံးတွေ၊တရားသူကြီးတွေဟာ တော်လှန်ရေးဆောင်ရွက်ကြတဲ့ ပြည်သူတွေ၊ ထိန်းသိမ်းခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို မတရားတဲ့ဥပဒေနဲ့စွဲချက်ချ အရေးယူဆောင်ရွက်ကြတာဖြစ်လို့ ဒီတရားရုံး ၊ တရားရေးဌာနကလည်း စစ်ကောင်စီရဲ့အဓိကထောက်တိုင်ဌာနတစ်ခုသာဖြစ်ပါတယ်၊
__
အဘ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: